Android Accessibility Suite သည် သင့် Android စက်ကို ကြည့်စရာမလိုဘဲ သုံးနိုင်ရန် (သို့) အသွင်တူခလုတ်ပါ စက်ဖြင့် သုံးနိုင်ရန် ကူညီပေးသည့် အများသုံးနိုင်မှုအက်ပ်များ စုစည်းမှုဖြစ်သည်။
Android Accessibility Suite တွင် အောက်ပါတို့ ပါဝင်သည်-
• ထိန်းချုပ်မီနူး- သင့်ဖုန်းလော့ခ်ချရန်၊ အသံအတိုးအကျယ်နှင့် တောက်ပမှု ထိန်းချုပ်ရန်၊ စခရင်ပုံရိုက်ရန် စသည်တို့အတွက် ကြီးမားသော ဤစခရင်မီနူးကို သုံးနိုင်သည်။
• စကားပြောရွေးခြင်း- သင့်စခရင်ပေါ်ရှိ အရာများကို ရွေး၍ အသံထွက်ပြီး နားထောင်နိုင်သည်။
• TalkBack ဖန်သားပြင်ဖတ်အက်ပ်- အသံထွက်အကြံပြုချက် ရယူခြင်း၊ လက်ဟန်များဖြင့် သင့်စက်ကို ထိန်းချုပ်ခြင်းနှင့် စခရင်ပေါ်ရှိ မျက်မမြင်စာရေးစနစ် ကီးဘုတ်ဖြင့် စာရိုက်ခြင်းတို့ လုပ်ဆောင်နိုင်သည်။
စတင်ရန်-
၁။ သင့်စက်၏ ဆက်တင်များအက်ပ်ကို ဖွင့်ပါ။
2 'အများသုံးနိုင်မှု' ကို ရွေးပါ။
3။ ‘ထိန်းချုပ်မီနူး’၊ ‘စကားပြောရွေးခြင်း’ (သို့) Talkback ကို ရွေးနိုင်သည်။
Android Accessibility Suite သည် Android 7 (Android N) နှင့်နောက်ပိုင်းကို လိုအပ်သည်။ Wear အတွက် TalkBack သုံးရန် Wear OS 3.0 နှင့်နောက်ပိုင်းကို လိုအပ်သည်။
ခွင့်ပြုချက်ဆိုင်ရာ သတိပေးချက်
• ဖုန်း- Android Accessibility Suite သည် သင်၏ခေါ်ဆိုမှုအခြေအနေအလိုက် ကြေညာချက်များ ပြောင်းပေးနိုင်ရန် ဖုန်းအခြေအနေကို စောင့်ကြည့်သည်။
• အများသုံးနိုင်မှုဆိုင်ရာ ဝန်ဆောင်မှု- ဤအက်ပ်သည် အများသုံးနိုင်မှုဆိုင်ရာ ဝန်ဆောင်မှုဖြစ်သဖြင့် သင့်လုပ်ဆောင်ချက်များ စောင့်ကြည့်ခြင်း၊ ဝင်းဒိုးအကြောင်းအရာ ပြန်ရယူခြင်း၊ ရိုက်သည့်စာသားများ စောင့်ကြည့်ခြင်းတို့ လုပ်ဆောင်နိုင်သည်။
• အကြောင်းကြားချက်များ- ဤခွင့်ပြုချက်ပေးပါက TalkBack သည် အပ်ဒိတ်များအကြောင်း သင့်ကို အကြောင်းကြားနိုင်သည်။
TalkBack၊ ထိန်းချုပ်မီနူး စသည်တို့ ပါဝင်သည်။
အပ်ဒိတ်လုပ်ခဲ့သည့်ရက်
၂၀၂၆ စက် ၂၉